Work-with-us-banner

ဆေးကုသမှုဆိုင်ရာပစ္စည်းကိရိယာ များဝယ်ယူရေး အတွက်ချေးငွေဝန်ဆောင်မှု

အများပြည်သူများ အနေဖြင့် အရည်အသွေးပြည့်မီသည့်ကျန်းမာရေးဝန်ဆောင်မှုကို အမြဲလိုလား တောင့်တ လျှက် ရှိကြသည့်အတွက် ကျန်းမာရေးဝန်ဆောင်မှု ပေးသူများအနေဖြင့်လည်း ဆေးကုသမှုဆိုင်ရာ ပစ္စည်း ကိရိယာ များကို အမြဲအဆင့်မြှင့်တင်နေရန်လိုအပ်လျှက်ရှိပါသည်။ “ပေါင်းလဒ်”၏ ဆေးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာ များ ဝယ်ယူ ရေးအတွက်ချေးငွေဝန်ဆောင်မှု အစီအစဥ်များသည် ကျန်းမာရေးဝန်ဆောင်မှုပေး သူများအနေဖြင့် ၎င်းတို့၏ ဆေးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ခြင်းနှင့် ဝန်ဆောင်မှုအသစ်များ တိုးချဲ့ခြင်း များတွင် လိုအပ်သည့် လုပ်ငန်း မတည်ငွေအရင်းအနှီးအတွက် ဖိအားမရှိစေရန်များစွာ အထောက်အကူဖြစ် စေပါသည်။ ထို့အပြင် အဆိုပါအစီအစဉ် သည် ဆေးကုသမှုဆိုင်ရာပစ္စည်းကိရိယာဖြန့်ဖြူးရောင်းချသူများ အတွက်လည်း ကောင်းမွန်သည့် အကျိုးအမြတ် ရရှိနိုင် မည့် အခွင့်အလမ်းများ ဖော်ထုတ်ပေး၍ ၎င်းတို့၏ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးမှုကိုလည်း ပိုမို အားကောင်းစေရန် များ စွာအထောက်အကူပြုပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်ပုံ

ချေးငွေစိစစ်အကဲဖြတ်ရေးပညာရှင်များသည် ချေးငွေလျှောက်ထားသည့်ကုမ္ပဏီ၏ ဘဏ္ဍာရေးအစီရင်ခံစာများ ၊ ဝင်ငွေထွက်ငွေစာရင်းများနှင့် အရင်းကြေကာလသုံးသပ်ဆန်းစစ်ချက်များကိုအသေးစိတ်စိစစ် လေ့လာ၍ ၎င်းတို့နှင့် အသင့်တော်ဆုံးဖြစ်မည့်ချေးငွေဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များ နှင့် ချေးငွေဆိုင် ရာမူဝါဒများ (ချေး‌ငွေပမာဏ၊ အတိုးနှုန်း၊ သက်တမ်း အစရှိသည့်တို့အား) အကြံပြုညှိနှိုင်းပေးပါသည်။ ပုံမှန်အားဖြင့် ချေးငွေရ ယူသည့်ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦး၏ ပုဂ္ဂလိကအာမခံချက်နှင့် လစဉ်ငွေကြေးဆိုင်ရာ ဘဏ္ဍာရေး အစီရင်ခံစာများ တင်ပြ ပေးရန် လိုအပ်ပါသည်။

Project Example

ဓာတ်ခွဲခန်းဆိုင်ရာ ပစ္စည်းကိရိယာ အစမှအဆုံး အလုံးစုံဝန်ဆောင်မှု ပေးသူ
ဓာတ်ခွဲခန်းဆိုင်ရာ ပစ္စည်းကိရိယာ အစမှအဆုံး အလုံးစုံဝန်ဆောင်မှု ပေးသူ

ချေးငွေရယူသည့်ကုမ္ပဏီသည် ဓာတ်ခွဲခန်းတည်ဆောက်ရေးလုပ်ငန်းတစ်ခုတွင် လိုအပ်သော ပုံကြမ်းများ ရေးဆွဲခြင်း၊ ပစ္စည်းကိရိယာ၊ ပရိဘောဂထောက်ပံ့ခြင်း အပါအဝင် လုပ်ငန်းစီမံခန့်ခွဲရေးစနစ် တစ်ခုလုံးကို အစမှအဆုံး အလုံးစုံ ဝန် ဆောင်မှုပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ကုမ္ပဏီသည် ပြည်သူ့ကျန်းမာရေး စီမံခန့်ခွဲမှုဌာနအတွက် ဓာတ်ခွဲ ခန်းသုံးဖန်ထည်ပစ္စည်းများ၊ဓာတုပစ္စည်းများနှင့်ဗက်တီးရီးယား မွေးမြူခြင်းဆိုင်ရာ ပစ္စည်းများပေးသွင်း ရန်အတွက် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ “ပေါင်းလဒ်”အနေဖြင့် အထက်ပါပစ္စည်းကိရိယာ များ ဝယ်ယူရန်အတွက် အပေါင်ပစ္စည်း မလိုအပ်သည့် ချေးငွေကျပ်သန်း (၁၆၀) အား (၄) လသက်တမ်းဖြင့် ချေးဌားခဲ့ပါသည်။

ပုဂ္ဂလိကဆေးခန်းနှင့် ရောဂါရှာဖွေခြင်း ဓာတ်ခွဲခန်းဆိုင်ရာ ဝန်ဆောင်မှု ပေးသူ
ပုဂ္ဂလိကဆေးခန်းနှင့် ရောဂါရှာဖွေခြင်း ဓာတ်ခွဲခန်းဆိုင်ရာ ဝန်ဆောင်မှု ပေးသူ

ချေးငွေရယူသည့်ကုမ္ပဏီသည် မန္တလေးမြို့တွင်အထင်ကရပုဂ္ဂလိကဆေးကုခန်းတစ်ခုဖြစ်ပြီး ရောဂါရှာ ဖွေခြင်းနှင့် ဓာတ်ခွဲခန်းဆိုင်ရာဝန်ဆောင်မှုများအား ၂၀၁၁ ခုနှစ်ကစတင်လုပ်ကိုင်ခဲ့ပါသည်။ ၎င်းတို့၏ ရောဂါရှာဖွေခြင်းနှင့် ဓာတ်ခွဲခန်းတွင် အသုံးပြုလျှက်ရှိသော ဓာတ်မှန်ရိုက်စက်အား ခေတ်မှီ နောက်ဆုံးပေါ် ဓာတ်မှန်ရိုက်စက်ဖြင့် အစား ထိုးလဲလှယ်အဆင့်မြှင့်တင်ရန်ချေးငွေလျှောက်ထားခဲ့ပါသည်။ အထက်ပါဓာတ် မှန်ရိုက်စက်ဝယ်ယူရန်အတွက် “ပေါင်းလဒ်”အနေဖြင့် အပေါင်ပစ္စည်းမလိုအပ်သည့် ချေးငွေကျပ်သန်း (၁၀၀) ကိုသက်တမ်းကာလ (၁၈)လ အတွင်း (၃)လ တစ်ကြိမ် အရစ်ကျပြန်လည်ပေးဆပ်ရန် စည်းကမ်း သတ်မှတ်ချက်ဖြင့်ချေးဌားခဲ့ပါသည်။

This site is registered on wpml.org as a development site.